မှားနေတာကိုအမှန်ဖြစ်အောင် လူတွေမလုပ်ရဲကြ
ရှေ့နွားဖြောင့်ဖြောင့်မသွားတော့...ကြည့်ကြလေ
နောက်နွားတွေလဲသိသိကြီးနဲ့....မဖြောင့်တန်းနိုင်
..ရိုးသားဖြောင့်မတ်သူတွေက...ရာဇ၀င်လူဆိုးဖြစ်ရတယ်..လို့
ကောက်ကျစ်စဉ်းလဲတဲ့သူတွေက....သုခဘုံမှာပျော်မွေ့လို့
မကောင်းမူတွေကိုပြုကျင့်ရမှာ ၀န်မလေးတဲ့ခေတ်ကာလမှာ
အမှန်တရားတွေကိုတူးဆွသူတွေက...တရားခံဖြစ်ရ
လူဖြစ်ပြီး...လူ့ဘုံနဲ့မတူတဲ့တိုင်းပြည်မှာ
လူမဆန်တဲ့အာဏာရှင်တွေကြောင့်
ကာလပြောင်းပြန်အကြောက်တရားနဲ့
လက်နက်ကိုယ်စီကိုင်ဆောင်ထားသော်လည်း
တို့...ပြည်သူတွေရဲ့ဆန္ဒတွေကိုလက်မခံရဲ
ရာဇပလ္လင်ဖင်မှာမမြဲမှာကြောက်လို့
အမှားကြီးမှားနေမှန်းမသိတဲ့...အာဏာရူးတွေပါလား..












